မိမိ ရဲ့ ကွန်ပျုတာ 3D Leaves နဲ့အလှဆင်ရအောင်

| Sunday, May 11, 2014

သူငယ်ချင်းတို့ရဲ့ကွန်ပျုတာ Screen ကို သစ်ရွက်လေးနဲ့ အလှဆင်ကြည့်ရအောင်နော် ဒါလေးကလည်းဒီဇိုင်းတမျိုးလေးပေါ့ အရင်တစ်ခါက တင်ပေးထားတာက Screen မှာအသဲပုံလေးနဲ့ ပန်းလေးတွေနော် မှတ်မိတယ်မလား အခုက သစ်ရွက်လေးတွေပါစိတ်ဝင်စားတယ်ဆိုရင် စမ်းသပ်ကြည့်နော် ဒီဇိုင်းတမျိုးလေးနဲ့အရမ်းလှတာ စမ်းသပ်ပြီးပြီ
လုပ်ပုံလုပ်နည်းကို အောက်မှာပုံလေးနဲ့ရှင်းပြထားပါတယ်





Download 

ဒေါင်းပြီးတာလို့ Install လုပ်ပြီးတာနဲ့ မိမိရဲ့ ကွန်ပျုတာ Screen မှာ  သစ်ရွက်လေးတွေ အများကြီး ကိုတွေ့ရပါလိမ့်မယ် ပြီးရင် ဘောက်စ်တခုထွက်လာပါလိမ့်မယ် အောက်ကပုံလေးကိုကြည့်လိုက်ပါ


3D Leaves ဆိုတဲ့ဘောက်စ်လေးမှာ သစ်ရွက်လေးတွေကို အနည်းအများ ဒါမှမဟုတ် သစ်ရွက်လေးတွေအများကြီးထွက်လာအောင် ကိုယ်ကြိုက်သလောက် ချိန်လို့ရပါတယ်
ကိုယ်ကြိုက်သလောက်ချိန်ပြီးပြီဆိုရင်ဘောက်စ်လေးကိုပိတ်လိုက်တာနဲ့နောက်ထပ်ဘောက်စ်တခု ထွက်လာပါလိမ့်မယ်နော် အဲဒီမှာ OK ကိုနှိပ်လိုက်ပါ


အားလုံးပြီးသွားပြီဆိုရင် မိမိရဲ့ကွန်ပျုတာ Screen ပေါ်မှာ 3D Leaves ဆိုတဲ့ Software လေးရောက်ရှိသွားပါပြီနော် Screen ပေါ်မှာ သစ်ရွက်လေးတွေစတင် လှုပ်ရှားနေပါပြီနော်
ကိုယ်က သစ်ရွက်လေးတွေကိုမလိုချင်တော့ဘူး ပိတ်လို့ရပါတယ် သစ်ရွက်လေးတွေကို ဖွင့်ချင်တယ် ပိတ်ချင်တယ် ဆိုရင်အောက်ကပုံလေးမှာကြည့်လိုက်နော်



သူငယ်ချင်းတို့အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ် ထက်ထက်ကိုယ်တိုင်စမ်းသပ်ပြီးလို့တင်ပေးလိုက်တာပါ အားတဲ့အချိန်ရှိရင်စမ်းသပ်ကြည့်လိုက်နော်


 

0 comments:

Post a Comment

Next Prev
▲Top▲