ကိုယ့် ဓာတ်ပုံ ဒါမှမဟုတ် ကိုယ်နှစ်သက်တဲ့ ပုံလေးတွေနဲ့ "Calendar" လေးတွေ ဒီဇိုင်းဖော်ကြည့်ရအောင်နော်
ပြုလုပ်ပုံကတော့အဆင့် (၆) ဆင့် ရှိတယ်။ အောက်မှာ ပုံလေးနဲ့နည်းနည်း အသေးစိတ်ပြောပြပါ့မယ်။ စိတ်ဝင်စားတဲ့သူငယ်ချင်းတို့ စမ်းသပ်ကြည့်နိုင်ပါတယ်။
ဒီလင့်ကိုဖွင့်ပါ
ရောက်ရင်တော့ အပေါ်မှာတွေ့ရမဲ့ ပုံလေးအတိုင်း အဆင့် (၆) ကိုတွေ့ရပါလိမ့်မယ်
အဆင့်(၁) ။ ။ "Select a format for your free yearly calendar" ဆိုတဲ့နေရာမှာမိမိလိုချင်တဲ့ပုံစံဒီဇိုင်းကိုရွေးပါ။ သူကရွေးဖို့(၄)မျိုးပေးထားပါတယ်။
အဆင့်(၂) ။ ။ "Select a year for your free yearly calendar" နေရာမှာ မိမိပြုလုပ်မယ့် Calendar ရဲ့နှစ်ကိုရွေးချယ်ပေးပါ။ နှစ်ကတော့ အခုနှစ် 2014 ကိုပဲရွေးထားပါတယ်
ကိုယ်ကြိုက်တဲ့နှစ်ကိုရွေးပါ။
အဆင့်(၃)။ ။ "Select a Photo for your free yearly calendar" နေရာမှာ "Browser" ကိုနှိပ်ပြီး မိမိထည့်ချင်တဲ့ ချစ်သူ သူငယ်ချင်း ရူခင်းပုံ ကို ထည့်လို့ရပါတယ် ။
အဆင့်(၄)။ ။ " Enter a caption for your free yearly calendar" ဆိုပြီးပေးထားတဲ့နေရာ လေးမှာ ကိုယ့်ပြုလုပ်မဲ့ Calendar လေးမှာကိုယ်ထည့်ချင်တဲ့စာသားလေးတချို့ကိုထည့်ဖို့ပါ။ (English) လိုပဲရမယ်နော်။
အဆင့်(၅)။ ။ "Select a font for your free yearly calendar" နေရာမှာ စောစော က မိမိရေးလိုက်တဲ့စာသားလေးကို "font" အမျိုးအစားရွေးပေးဖို့ပါ။
အဆင့်(၆)။ ။"Generate your free yearly calendar"ဆိုတဲ့ "Icon" လေး ကို "Click" ပြီး မိနစ်အနည်းငယ်စောင့်လိုက်ရင် ကိုယ်တိုင်ဖန်တီးထားတဲ့ "Calendar" လေးရပါပြီနော်။
နမူနာအနေနဲ့ ပုံလေးတစ်ပုံလုပ်ပြထားပါတယ်။ နမူနာပုံပေါ့။
ဒီလိုလေးပေါ်လာလို့သိမ်းမယ်ဆိုရင်
ပုံအကြီးအသေးချဲ့ဖို့ပါ
ပြီးရင် All Programs ထဲက paint ကိုဖွင့်လိုက်ပါ ပြီးရင် Ctrl+ V ကိုနှိပ်ပါ စောစောကလုပ်ထားတဲ့
ပြက္ခဒိန်လေးထွက်လာပြီဆိုရင် Crop ကိုနှိပ်ပြီး ပြက္ခဒိန်နဲ့ ကွက်တိ ဖြတ်လိုက်ပါ
နောက်ဆုံးသိမ်းတော့မယ်ဆိုရင် paint ထဲက Save as နဲ့သိမ်းလို့ရပါပြီ
သူငယ်ချင်းတို့အားလုံးအဆင်ပြေပါစေနော်








0 comments:
Post a Comment