ပုံထည့်ပြီးစာရေးရအောင်

| Monday, May 5, 2014

အခုပို့စ်လေးကတော့နည်းနည်းထူးတယ်နော်ဓါတ်ပုံပဲထည့်လို့ရတာမဟုတ်ဘဲ ကိုယ်ရေးချင်တဲ့စာပါတခါတည်းရေးလို့ရတဲ့ပုံစံလေးပါ စိတ်ဝင်စားတယ်ဆိုရင် စမ်းသပ်ကြည့်နော် 
အပေါ်မှာ တွေ့ရတဲ့ ပုံလေးအတိုင်းပေါ့ ချစ်သူမရှိတဲ့သူငယ်ချင်းတွေကလည်း ကိုယ့်ရဲ့သူငယ်ချင်းပုံလေးထည့်ပြီး စာပေးလို့ရတာပေါ့


ဒီလိုပုံစံဖြစ်အောင် လုပ်ကြည့်ရအောင်နော် 


ဒီလင့်ကို ဖွင့်ကြည့်ပါ 

(၁) ဒီလင့်လေးကိုအရင်ဖွင့်ပါ
(၂) ကိုယ်ကြိုက်တဲ့သူရဲ့ပုံလေးကိုအရင်ထည့်ပါ
(၃) ပြီးရင် URL မှာ  http://www.effectfun.com ဆိုပြီးရိုက်ထည့်လိုက်ပါ
(၄) Browse ဘေးက Upload လေးကိုနှိပ်လိုက်ရင် အောက်မှာထည့်ရမဲ့ပုံရဲ့အရွယ်အစားကိုချိန်ရပါ့မယ် ချိန်ပြီးပြီဆိုရင် ပုံရဲ့အောက်ဆုံးမှာ Crop Image ဆိုတာလေးကိုနှိပ်လိုက်ပါ
(၅) နောက်ဆုံးအဆင့်မှာတော့ ပုံလေးကိုသိမ်းမယ်ဆိုရင်

ပုံလေးမှာ ပြထားတဲ့အတိုင်း Save to disk ကိုနှိပ်လိုက်ရင် ကိုယ်ကြိုက်တဲ့နေရာလေးမှာ သိမ်းလို့ရပါပြီ
သူငယ်ချင်းတို့စမ်းသပ်ကြည့်နော်

စာရေးမယ်ဆိုရင် Save ထားတဲ့ပုံလေးရလာပြီဆိုရင် ALL Programs ထဲက Paint ကိုဖွင့်လိုက်ပါ
ပြီးရင် သိမ်းထားတဲ့ပုံကိုဖွင့်လိုက်ပါ paint ထဲကိုရောက်သွားပြီဆိုရင်တော့ မြန်မာလိုရေးလို့ရပါပြီနော်





 




 

0 comments:

Post a Comment

Next Prev
▲Top▲